မြန်မာပရိသတ်တွေက တွေးရတဲ့ရုပ်ရှင်မကြည့်ချင်ဘူးဆိုတဲ့ ဆွေဇင်ထိုက်
ပြည်သူ့အချစ်တော် မင်းသမီးကြီးတယောက်ဖြစ်တဲ့ ဆွေဇင်ထိုက်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ကတည်းက မြန်မာပြည်က ပရိသတ်တွေ အချစ်ကို အခိုင်အမာရရှိထားတဲ့ မင်းသမီးကြီးတဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသမီးကြီး ဆွေဇင်ထိုက်ဟာ အနုပညာလှုပ်ရှားမှုတွေ နည်းတယ်ဆိုပေမယ့်လည်း သူ့ရဲ့ သိမြင်ခဲ့မှု အတွေ့အကြုံတွေကိုတော့ ပရိသတ်တွေကို အမြဲတမ်းချပြနေကြပါပဲ။ ဒီတခေါက်မှာလည်း ဆွေဇင်ထိုက်ကတော့ မြန်မာ့ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။
မင်းသမီးကြီး အကယ်ဒမီ ဆွေဇင်ထိုက်ကတော့ အကုန်သိနဲ့ အင်တာဗျူးမှာတော့ “နိုင်ငံတကာ ရုပ်ရှင်ပွဲတွေ ဒီမှာလာလုပ်လို့ရှိရင် မြန်မာကားတွေ မပါဘူး။ ဒီတခါမှာတော့ မြန်မာ Feauture Film လည်းတခုပါတယ်။ Short Film လည်း တခုပါတယ်။ ဒီကားထဲမှာကတော့ အဖြေကို ဘယ်တော့မှ မပေးဘူး။ တွေးယူရတဲ့ကားပေါ့။ ကျွန်မတို့ မိသားစုဆိုရင်တော့ တွေးယူရတဲ့ကားမျိုးကို ကြိုက်တာပေါ့။
ဒါပေမယ့် မြန်မာ့ရုပ်ရှင်ပရိသတ်တွေကတော့ နောက်ဆုံးအခန်းကို သိချင်တာပဲရှိကြတယ်။ သိပ်ပြီးတော့ မတွေးချင်ကြဘူး။
ဒီမှာတော့ နောက်တခန်းမှာ ဘာဖြစ်မလဲဆိုတာကို မပေးဘူးပေါ့။ ဒီမှာတော့ အချိန်ကို တန်ဖိုးထားတဲ့ပုံကို ပြတယ်လို့ ထင်ပါတယ်။ ဂျပန်ပြည်မှာက လမ်းလျှောက်ရင် အရမ်းမြန်ကြတယ်။ မြန်မာပြည်မှာတောင် မြန်မြန်ပြေးတဲ့သူတွေအနေနဲ့ ဟိုရောက်ရင် ခုန်ဆွခုန်ဆွ ဖြစ်သွားကြတယ်။ အရမ်းမြန်ကြတယ်။ ကျွန်မတို့ဆီမှာတော့ အချိန်တွေ အရမ်းပေါနေသလိုမျိုး ဖြစ်တယ်။ အတွေ့အကြုံရှိတဲ့ လူတယောက်ဟာ မြန်အောင် ပြောင်းပေးမယ်ဆိုတဲ့ စိတ်နဲ့ အလကားပြတာ။ လာကြည့်တဲ့ ပရိသတ်တွေကို ကြည့်လိုက်ရင်လည်း ရုပ်ရှင်အသိုင်းအဝိုင်းထဲက လူတွေက အရမ်းနည်းတယ်။
သူတို့မှာလည်း အချိန်မရှိဘူးပေါ့။ ဒါမှမဟုတ်တတ်ပြီးသား ဖြစ်နေတာကြောင့် သင်ယူစရာမလိုဘူးလို့ ခံယူထားလို့လားလည်း မသိပါဘူး။ ဒါပေမယ့်လို့ ရုပ်ရှင်ကြည့်တဲ့သူတွေကတော့ တော်တော်များများ ကြည့်ကြပါတယ်။ တွေးယူရတဲ့ ရုပ်ရှင်တွေကြည့်ရခြင်းအားဖြင့် ကိုယ့်ရဲ့ ဦးနှောက်လည်း အာဟာရဖြစ်တယ်။ တွေးနေရင်း အမြင်သစ်တွေလည်း ရမယ်ပေါ့နော်။ အတွေးတွေရော အရွေးတွေအတွက်ပါ ကောင်းမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
ဘုန်းကြီးကျောင်းအား ခွဲထွက်ရေး အုပ်စုဝင်ရောက်ပစ်ခတ်သံဃာများ ပျံလွန်ဒဏ်ရာရ
ဒီကနေ့ မနက်မှာ ပြည်နယ်အုပ်ချုပ်ေ၇းမှူးကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်းမှာ လုံခြုံရေးတိုးမြင့်မယ် ..တရားခံတွေကိုရအောင်ဖမ်းမယ်လို့  ထုတ်ပြန်ခဲ့ပြီး ၊ ပြည်သူတွေအနေနဲ့ စစ်ဝတ်အစား နဲ့  အနက် ရောင် အပေါ်အောက် အ၀တ်အစားတွေဝတ်ပြီးမသွားလာကြဖို့  သတိပေးနေပါပြီ။
Unicode
ဘုန်းကြီးကျောင်းအားထိုင်းတောင်ပိုင်း ခွဲထွက်ရေး အုပ်စုဝင်ရောက်ပစ်ခတ်သံဃာများ ပျံလွန်ဒဏ်ရာရ
အနက်ရောင်ဝတ် လက်နက်ကိုင် ၁၀ဦးထက်မနည်း အင်အားနဲ့မနေ့ညပိုင်းက ရသနာနုဘ ဘုန်ကြီးကျောင်းအတွင်း ဆိုင်ကယ်တွေနဲ့ ဝင်လာပြီး ကျောင်းတွင်းမှာ သတင်းသုံးနေကြတဲ့ သံဃာတွေကို ပစ်ခတ်ခဲ့တာပါ။ယခုပစ်ခတ်မှုမှာသာသနာပြုနေကြတဲ့ ထိုင်းတောင်ပိုင်း နရာသီ၀ ခရိုင် ရသနာနုဘ ဘုန်းတော်ကြီးကျောင်း စာချဆရာတော်နဲ့ သံဃာ နှစ်ပါး ပျံလွန်သွားခဲ့ပြီးတခြား ကျောင်းနေသံဃာတွေ လည်းဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ခုလို ဘာသာရေး ဘုန်တော်ကြီးကျောင်းကို ဝင်ရောက်ပစ်ခတ်သူတွေဟာ ထိုင်းတောင်းပိုင်း ပြည်နယ် ခွဲထွက်ရေး အကြမ်းဖက် သူပုန်အုပ်စုတွေကသူတို့ရဲ့ခေါင်းဆောင်တဦး( ဟာဆန်မာလီ ) ကို ယခုရက်ပိုင်းအတွင်းက ထိုင်းစစ်တပ်က အသေဖမ်းဆီးခဲ့လို့တန်ပြန် လက်စားခြေတဲ့အနေနဲ့ဝင်ရလွယ်တဲ့ ဘုန်း ကြီးကျောင်းကို ဝင်ပြစ်ခဲ့တာဖြစ်နိုင်တယ်လို့သိရပါတယ်။
ယခုရက်ပိုင်းအတွင်းက မူလတန်းကျောင်းတစ်ကျောင်းကိုလည်း ဝင်ပစ်ခဲ့ကြပါတယ်။ယခုလိုလုပ်ရပ်ဟာ တောင်ပိုင်းပြည်နယ်အတွင်းကဗုဒ္ဓဘာသာဝင် တွေနဲ့တခြား ဘာသာဝင်တွေအတွက် ပါ အလွန်စိတ်မကောင်းစရာ နဲ့ စိုးရိမ်မှုတွေ ပိုတိုးလာစေပါတယ်။ခုလိုဖြစ်ရပ်တွေ ဖြစ်လာတိုင်း မဆိုင်တဲ့ သူတွေကို လိုက်လံ သတ်ဖြတ်ကြတာကြောင့် တောင်ပိုင်းြပ်နယ်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း သတိထားရပါလိမ့်မယ်။
ဒီကနေ့မနက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်နယ်အတွင်းမှာ လုံခြုံရေးတိုးမြင့်မယ် ..တရားခံတွေကိုရအောင်ဖမ်းမယ်လို့ ထုတ်ပြန်ခဲ့ပြီး ၊ ပြည်သူတွေအနေနဲ့စစ်ဝတ်အစား နဲ့ အနက် ရောင် အပေါ်အောက် အဝတ်အစားတွေဝတ်ပြီးမသွားလာကြဖို့ သတိပေးနေပါပြီ။
မလေးရှားနယ်စပ်နဲ့ထိစပ်နေတဲ့ ဒေသတွေမှာ ထကြွ သောင်းကျန်းနေတဲ့ ထိုင်းတောင်ပိုင်း ခွဲထွက်ရေး မူဆလင် အကြမ်းဖက်အုပ်စု (၅)ဖွဲ့ (RKK,GMIP,BBMP,PULO BRN-C )ဟာ မှတ်တမ်းအရ အင်အား ၁၀၀၀၀ ကျော်ရှိလာနေပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒီကနေ့အထိ သံဃာ ကျောင်းဆရာ နဲ့ ပြည်သူ ၆၅၀၀ကျော် သေဆုံးခဲ့ရပြီး ၁၂၀၀၀ ကျော် ဒဏ်ရာရခဲ့ရပါတယ်။SAW
ဘန်ကောက်အထိသွားပြီး ဆေးကုသမှုခံယူခဲ့ရတဲ့ ဖြိုးမြတ်အောင်
Myanmar Idol ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကိုတော့ လက်ရှိချိန်ထိ ပရိသတ်တွေ အမှတ်ရ အားပေးနေဦးမယ်လို့ ထင်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ ရိုးသားကြိုးစားပြီး တကယ့်ပါရမီရှိတာကြောင့် ပရိသတ်တွေ ရင်ထဲကို ရောက်ရှိခဲ့တဲ့ အနုပညာရှင်ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကိုယ်ပိုင်သီချင်းတွေနဲ့ ပရိသတ်ကို ဖျော်ဖြေနေတာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဖြိုးမြတ်အောင်ကတော့ သူ ဘန်ကောက်ထိသွားပြီး ဆေးကုသမှု ခံရယူရတဲ့ အကြောင်း ပြောကြားသွား ခဲ့ပါသေးတယ်။
ဖြိုးမြတ်အောင်ကတော့ အင်တာဗျူးတွင် ကိုယ်ပိုင်သီချင်းတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “စိတ်လှုပ်ရှားတာပေါ့။ ပရိသတ်တွေကလည်း ဒီသီချင်းကို မသိသေးဘူးလေ။ အဲ့တချက်ပါပဲ။ ကျန်တာတော့ ကျွန်တော်မသိသေးပါဘူး။ သီချင်းတိုင်းကို ကျွန်တော်ကတော့ စီးမျောပြီး ဆိုလိုက်တာပဲလေ”
ဘန်ကောင်မှာ ဆေးသွားကုဖြစ်တာက “ကျွန်တော် ဘန်ကောက်မှာ သွားပြီး ဆေးကုတာကတော့ အစကတော့ မစီစဉ်ထားပါဘူး။ ကျွန်တော်ဒီမှာ ပြနေရင်းနဲ့ အသက်ရှုရတာက တော်တော်ကို အဆင်ပြေမလားဘူး။ ကျွန်တော်သောက်နေကြဆေးကလည်း သောက်ရင်းသောက်ရင်း မတိုးတော့ဘူး။ အဲ့ဒါနဲ့ ရောဂါက ပိုဆိုးလာတယ်။ အသံတွေကလည်း အဆင်မပြေ နှာရည်တွေကလည်း တောက်လျှောက်ကျ အဲ့လိုဖြစ်လာတော့ အဆင်မပြေတော့တာနဲ့ ပြေးတာပါပဲ”
ပရိသတ်တွေက စိုးရိမ်ပူပန်ပေးကြတဲ့အပေါ်မှာတော့ “ကျွန်တော် သူတို့တွေကို ပိုပိုပြီးတော့လည်း ချစ်တယ်။ ကိုယ့်ကိုလည်း သူတို့အရမ်းချစ်ကြတဲ့အတွက် အဓိက ကတော့ ကိုယ်ကလည်း မေတ္တာပေးတယ်။ သူတို့ကလည်း မေတ္တာပေးတော့ မေတ္တာရောင်ပြန်ဟပ်တာပေါ့နော်”
“ကျွန်တော်က ဘန်ကောက်မှာလည်း ဘာမှမသိဘူး သူတို့ပြောတာတွေကလည်း ဘာမှနားမလည်ဘူး။ ဒါပေမယ့်လည်း ကျွန်တော့် We Love Group ထဲက အမတွေ တချို့ ဘန်ကောက်မှာရှိတာ သူတို့ကူညီပေးတာကြောင့် ကျွန်တော်အဆင်ပြေသွားပါတယ်။ ဒါကြောင့် ဘန်ကောက်က မိသားစုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့မရှိရင် ကျွန်တော်တို့ကတော့ တိုင်ပတ်ပြီ။ ထူးခြားတဲ့အရာလေးတွေကတော့ သူတို့ယဉ်ကျေးမှုလေးတွေက အရမ်းမိုက်ပါတယ်”
“လည်တော့မလည်ဖြစ်ပါဘူး။ ကျွန်တော်ကတော့ အေးဆေးနေရတာ ကြိုက်တာကိုး။ ၃ ရက်လောက်တော့ ကြာသွားပါတယ်။ ကိုယ်က ဆေးစစ်တဲ့အခါ နှာခေါင်းတင်မဟုတ်ဘူး ကျန်တာတွေရော စစ်မယ်ဆိုပြီး ကျွန်တော်တခု စိုးရိမ်တာကတော့ ကျွန်တော်အရင်က ဆေးလိပ်အရမ်းသောက်တယ်လေ။ အခုလည်း နည်းနည်းတော့သောက်တယ်ပေါ့။ အဲ့ဒါနဲ့ အဆုတ်ဖြစ်မယ်ထင်ပြီး စိတ်ပူသွားတယ်။ စစ်ဆေးလိုက်တဲ့အချိန်မှာတော့ ဘာရောဂါမှ မရှိတော့ တော်တော်ပျော်သွားတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
နေပြည်တော် ရဲတပ်ဖွဲ့
Unicode
နေပြည်တော်မှာ ရဲ နှစ်ယောက်ကို ဓါးနဲ့ဝိုင်းခုတ်သူတွေကို ဖမ်းလိုက်ပြီ
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့်ခုတ်ခဲ့သည့် တရားခံများအား နေပြည်တော်ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့
၁၈-၁-၂၀၁၉ ရက်နေ့ (၁၂း၄၅) အချိန်ခန့်တွင် ဒက္ခိဏခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးသည် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနမှ ရဲတပ်ကြပ် ဇေယျာသိန်းနှင့်အတူ ပျဉ်းမနားမြို့နယ်တရားရုံးသို့ အရပ်ဝတ်ဖြင့် သက်သေခံလာရောက် စဉ်
ပျဉ်းမနားမြို့၊ နှင်းဆီပန်းဝိုင်းအနီး၌ ဆိုင်ကယ်စီးနင်းလာသော ကျောင်းသားလေး(၁)ဦးကို ဆိုင်ကယ်(၂)စီးဖြင့် လူ(၄)ဦးမှ လေးဂွများနှင့်ဝိုင်းပစ်သဖြင့် ကျောင်းသားလေးဆိုင်ကယ်မှာ လဲကျသွားခဲ့၍ ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးတို့(၂)ဦးမှ ၎င်းတို့မောင်းနှင် လာသော ယာဉ်အမှတ် YGN 9G-1604 HONDA FIT အမျိုးအစား အနီရောင် မော်တော်ယာဉ်ဖြင့်
အဆိုပါလူ(၄)ဦးအား လိုက်လံ ဖမ်းဆီးရာ“ငွေကျားတိုက်”လျှပ်စစ်ပစ္စည်းအရောင်းဆိုင်အနီး အရောက်တွင်(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး(၃)ဦးမှာထွက်ပြေးသွား၍ ဖမ်းဆီးရမိသူအား ကားပေါ်သို့ တင်ဆောင်စဉ် နောက်မှ မော်တော်ယာဉ်(၁)စီးနှင့် ဆိုင်ကယ်(၂)စီးတို့ဖြင့် လူ(၁၀)ဦးခန့်ရောက်ရှိလာခဲ့ပြီး
အင်္ကျီကော်လံနောက်ကျောထဲမှဓါးများထုတ်၍ ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့အား ဝိုင်းဝန်းခုတ်ခဲ့ရာ ဒဏ်ရာများရရှိခဲ့ပြီး ဖမ်းဆီးထားရှိသော အမျိုးသား(၁)ဦးနှင့်ကျန်လူများမှာ ထွက်ပြေးသွားကြောင်းနှင့် ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့အား ကိုလင်း၊ ပျဉ်းမနားမြို့နေသူမှ ပျဉ်းမနားခုတင်(၂၀၀)ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ပြီး
ထိုမှတဆင့် နေပြည်တော် ခုတင် (၁၀၀၀)ဆေးရုံသို့ ထပ်မံလွှဲပြောင်း၍ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရသဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်(၂)ဦးကို ဒဏ်ရာများရရှိအောင် ဓါးများဖြင့်ဝိုင်းဝန်း ခုတ်သူများအား ပျဉ်းမနားမြို့မရဲစခန်း(ပ)၃၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၃၃/၁၁၄ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့ပါသည်။
အမှုမှ တရားခံများအား ဖမ်းဆီးရမိရေးအတွက် နေပြည်တော်ရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှုဖြင့် ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ အခင်းဖြစ်စဉ်ကစီးနင်းခဲ့သည့် NPW/4G 3783 Lifan အမျိုးအစားအပြာရောင် ယာဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်အုပ်စု၊ ရေအိုးစဉ်ရွာတွင်ရှိကြောင်း သတင်းရရှိသဖြ င့်
အတည်ပြု ဆောင်ရွက်ခဲ့ရာ ရေအိုးစဉ်ရွာနေသူ ဇော်မိုးအား ၁၈-၁-၂၀၁၉ရက်နေ့ ည(၁၁)နာရီအချိန်ခန့်တွင် စတင်ဖမ်းဆီး ရမိခဲ့ပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူ တရားခံ(၁၆)ဦး အားထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းတရားခံ(၁၇)ဦး၊ သက်သေခံပစ္စည်းကား(၁)စီး၊ ဆိုင်ကယ်(၁)စီး၊ ဆိုင်ကယ်ဦးထုပ်(၁) လုံး၊ ဓါးရှည်(၁)ချောင်း၊ ဓါးအိမ်(၂)ခု၊တုတ်(၁)ချောင်း၊ လေးဂွ(၁)လက်တို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ဖြစ်စဉ်မှာ တရားခံများဖြစ်သည့် ဇော်လင်းဦး(ခ)ပုလဲ၊ မင်းအောင်(ခ)ဖိုးတုတ်၊ ချစ်ပိုင်လင်းတို့ (၃)ဦးမှာ အထက(၃)ကျောင်း တက်စဉ် အပြင်မှအမည်မသိသူများနှင့် ရန်ငြိုးရန်စရှိသဖြင့် အစ်ကိုဖြစ် သူများနှင့်သူငယ်ချင်းများအား နေ့လယ်ကျောင်းဆင်းချိန် တွင် ကျောင်းသို့လာရောက်ရန် ဖုန်းဆက်အကြောင်းကြားထားပြီး နေ့လယ်ကျောင်းဆင်းချိန်တွင် ကျောင်းရှေ့၌ရန်ငြိုးရန်စရှိသူ အမည်မသိ အမျိုးသား(၃)ဦးနှင့် အပြန်အလှန်လေးဂွများဖြင့် ပစ်ခတ်ပြီး
၎င်းတို့(၃)ဦးမှာ အထက(၃)ကျောင်းရှေ့မှ နှင်းဆီပန်း အဝိုင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသဖြင့်တရားခံများမှ နောက်မှလိုက်ပြီး လေးဂွများဖြင့်ပစ်ခတ်စဉ် နှင်းဆီပန်းအဝိုင်းတွင် ကျောင်းသား(၁)ဦးအား လေးဂွထိမှန်လဲကျသည်ကို ရဲတပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်အားမြင်တွေ့ပြီး လေးဂွများဖြင့်ပစ်ခတ်သူများအား လိုက်လံ ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့်ခုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
နေပြည်တော် ရဲတပ်ဖွဲ့
သခင်သန်းဝင်းနိင်
Unicode
ဒီအတိုင်းကြည့်ရင် တကယ့် ကလေးတွေပါပဲ
ပဲခူးမြို့အမှတ်(2)စခန်းမှုးရဲးအုပ်ချစ်ကြည်(ခ)နာမည်ကြော်ဒုစရိုက်သမားဖမ်းစီးရာတွင်လက်စွမ်းထက်သူ ဆားပုလင်းကိုကိုချစ်၏လက်စွမ်း
ပဲခူးမြို့ရှိ မဇင်းဆည်သို့ လာရောက်သူများထံမှ မကြာခဏပစ္စည်းလုယူမှု ကျူးလွန်သူ ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
၁။ ပဲခူးမြို့ အမှတ် (၂)နယ်မြေရဲစခန်းအပိုင်ရှိ မဇင်းဆည်သို့ လာရောက်သူများထံမှ မကြာခဏ ပစ္စည်းလုယူမှုများဖြစ်ပွားလျက်ရှိသဖြင့် ဖမ်းဆီးရမိရေးအတွက် အမှတ်(၂)နယ်မြေရဲစခန်းမှူး ရဲအုပ် ချစ်ကြည်၏ ကြီးကြပ်မှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန့်ဇင်ဝင်း ဦးစီးနယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းစုံစမ်းထောက်လှမ်းဆောင်ရွက်နေစဉ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ပဲခူးမြို့၊ မဇင်းဆည်မြောက်ဘက် ရာဘာခြံအနီး မသင်္ကာဖွယ် လူ ၃ ဦးအား တွေ့ရှိစစ်ဆေးမေးမြန်းခဲ့ရာ
နန်းတော်ရပ်ကွက်၊ ပဲခူးမြို့တွင် နေထိုင်သူများဖြစ်ကြောင်းသိရှိရပြီး အောင်ထွေး(ခ)ဖိုးအော် (၁၈)နှစ်၊ (ဘ)ဦးဝင်းရီ ထံမှ ဓားမြောင်(၁)ချောင်း၊ ဝေယံ(ခ)စိုင်းမြတ်သူ (၁၈)နှစ်၊ (ဘ)ဦးရင်မောင်အေး ထံမှ သုံးမြောင့်စကေဘာ (၁)ချောင်း၊ အောင်ကိုဦး (ခ)အောင်ငြိမ်းချမ်း (၁၉)နှစ်၊ (ဘ)ဦးချစ်ကို ထံမှ ဓားဦးချွန်(၁)ချောင်း၊ သစ်သားလေးဂွ (၁)ခု၊ စတီးကုန်းသီး (၅)လုံး၊ လောက်စာလုံး (၇)လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အမှတ်(၂)နယ်မြေရဲစခန်းသို့ ခေါ်ဆောင်လာကာ ရဲစခန်း၌ ဆက်လက်စစ်ဆေးခဲ့ပါသည်။
၂။ ၎င်းတို့ ၃ ဦးအား စစ်ဆေးချက်အရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မဇင်းဆည်လမ်းကြားတွင် အမျိုးသားနှင့်အမျိုးသမီး ထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေဟမ်းချိန်း(၁)ခု၊ ရွှေလက်စွပ် (၁)ကွင်းတို့အား ဓားထောက်ယူဆောင်ထွက်ပြေးခဲ့ကာ သနပ်ပင်မြို့နေ အောင်ထွေး(ခ)ဖိုးအော်၏ ဦးလေး ကျော်ကျော်(ခ)ကျော်ဇင်ထွန်း (၃၈)နှစ် ထံ ရောင်းချထားကြောင်း ၊ လွန်ခဲ့သော ၁၀ ရက်ခန့်ကလည်း မဇင်းဆည်အဝင်လမ်းတွင် အမျိုးသားနှင့်အမျိုးသမီး ထံမှ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂ လုံးတို့အား ယူဆောင်ထွက်ပြေးခဲ့ကာ သနပ်ပင်မြို့နေ အောင်ထွေး(ခ)ဖိုးအော်၏ ဦးလေး ကျော်ကျော်(ခ)ကျော်ဇင်ထွန်း (၃၈)နှစ်ထံ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
၃။ မသင်္ကာတရားခံ များဖြစ်သော အောင်ထွေး(ခ)ဖိုးအော်၊ ဝေယံ(ခ)စိုင်းမြတ်သူ၊ အောင်ကိုဦး(ခ)အောင်ငြိမ်းချမ်း တို့ ၃ ဦးနှင့် ပစ္စည်းလက်ခံရောင်းချသူ ကျော်ကျော်(ခ)ကျော်ဇင်ထွန်းတို့ (၄)ဦးအား ကျူးလွန်ခဲ့သည့် ဖြစ်စဉ်များမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီးဖြစ်၍ ၎င်းတို့ ၃ ဦးအား ပဲခူးအမှတ်(၂)နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သခင်သန်းဝင်းနိင်
(၁၅)နှစ်ကျောင်းသူသုံးဦးကို ခိုးယူခေါ်ဆောင် အဓမ္မပြုကျင့်သူနဲ့ ကူညီသူတွေကို ဖမ်းလိုက်ပြီ
(၁၅)နှစ်ကျောင်းသူသုံးဦးကို ခိုးယူခေါ်ဆောင် အဓမ္မပြုကျင့်သူနဲ့ ကူညီသူတွေကို ဖမ်းလိုက်ပြီ
Unicode
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်းမှ မိဘအုပ်ထိန်းမှုအောက်မလွတ်ကင်းသေးသည့် (၁၅)နှစ်အရွယ်ကျောင်းသူသုံးဦးကို ခိုးယူခေါ်ဆောင်သွားပြီး ၎င်းတို့အနက် တစ်ဦးအဓမ္မပြုကျင့်ခံရသဖြင့် ကျူးလွန်သူနှင့် အားပေးကူညီသူ နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း အမှတ်(၇)နယ်မြေရဲစခန်းမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၁၄)ရက်နေ့က ဒေါ်××××၏ သမီးဖြစ်သူ(၁၅)နှစ်အရွယ် မ××××× နှင့် ၎င်း၏သူငယ်ချင်းနှစ်ဦး စုစုပေါင်း သုံးဦးတို့သည် မနက်ပိုင်းတွင်ကျောင်းတက်ပြီး ညနေပိုင်းတွင် ကျောင်းမတက်သောကြောင့် အတန်းပိုင်ဆရာမက မိခင်ထံ ဖုန်းဆက်အကြောင်းကြားခဲ့သည်။ မိခင် က သမီးဖြစ်သူ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် လိုက်လံ စုံစမ်းရှာဖွေခဲ့ရာ မတွေ့ရှိဘဲ ပျောက်ဆုံးလျက်ရှိခဲ့သည်။
၎င်းနောက် ဇန်နဝါရီ(၁၅)ရက်နေ့တွင်ဒေါ်××××သည် ကျ န် မိခင်နှစ်ဦးနှင့်အတူ ကျောင်း၌ စကားပြောနေစဉ် သမီးဖြစ်သူနှင့် သူငယ်ချင်းနှစ်ဦး စုစုပေါင်း သုံးဦးတို့ ကျောင်းသို့ ပြန်လည်ရောက်ရှိလာ၍ မေးမြန်းရာ ကျောင်းသူနှစ်ဦး၏ ရည်းစားဖြစ်သူတို့က နေ့လယ်ကျောင်းဆင်းချိန် ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ခေါ်ဆောင်သဖြင့် မ××××တို့ သုံးဦးက လိုက်သွားခဲ့ပြီး
ချမ်းမြသာစည်မြောက်ရပ်ကွက်အတွင်းရှိ ကုသိဏာရုံဘုရားတွင် စကားပြောခဲ့ပြီး ညနေ(၅)နာရီခွဲတွင် ၃၂လမ်းရှိ တည်းခိုခန်းသို့ ခေါ်ဆောင်သွားကာ အခန်း နှစ်ခန်းငှားရမ်း၍ ကျော်ဇေယျာလင်းနှင့် မ×××× တို့ က တစ်ခန်းနေထိုင်ပြီး ကောင်းကြီးနှင့်ကျောင်းသူနှစ်ဦးက အခန်းတစ်ခန်းတွင် တစ်ညလုံးရုပ်ရှင်ထိုင်ကြည့်ခဲ့ကြကြောင်း ပြောပြသိရှိခဲ့သည်။
အုပ်ထိန်းမှုအောက်မှ မလွတ်ကင်းသေးသော မ××××နှင့် ၎င်း၏သူငယ်ချင်း မ×××× နှစ်ဦး စုစုပေါင်း သုံးဦးတို့ကို ခိုးယူခေါ်ဆောင်သွားပြီး သမီးဖြစ်သူ မ×××× ကို အဓမ္မပြုကျင့်ခဲ့သူ ကျော်ဇေယျာလင်း နှင့် အားပေးကူညီသူကောင်းကြီးတို့ကို အရေးယူပေးရန် မိခင်×××±က ရဲစခန်းတွင် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ယင်းတိုင်းတန်းခဲ့သည့်အပေါ် အမှတ်-၇နယ်မြေရဲစခန်းမှ ကျော်ဇေယျာလင်း(၁၇)နှစ်နှင့် ကောင်းကြီး(ခ) ကောင်းထက်ဇော်(၁၇)နှစ် (အကွက် ၉၀၀) နေထိုင်ကြသူတို့ဦးကို (ပ)၄၆/၂၀၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃/ ၁၁၄တို့ဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။By – မင်းသန့်  MUNA
တကယ့်ဇာတ်ကောင်တွေအတိုင်းအထာကျနေတဲ့ အမိုက်စား Cosplay များ
ကျွန်တော်တို့ TV Show တွေ Comic တွေနဲ့ မစိမ်းတဲ့သူကတော့ San Diego Comic con ဆိုတာကို သိမှာပါ။ ဒီတခေါက်မှာတော့ Comic Con မှာတွေ့ရတဲ့ ၂၀၁၈ ခုနှစ် အတွက် အမိုက်စား Cosplay ဒီဇိုင်းတွေကို တင်ဆက်ပေးချင်ပါတယ်။
Cosplay ဆိုတာကတော့ ကိုယ်ကြိုက်တဲ့ရုပ်ရှင်တွေ ကာတွန်းတွေ ဆယ်လီတွေရဲ့ ပုံစံနဲ့တူအောင် ပြုလုပ်ရတာ ဖြစ်ပြီး တချို့ပွဲတွေမှာတော့ အကောင်းဆုံး ပြုလုပ်နိုင်တဲ့သူကို ဆုချီးမြင့်ပေးတာတွေရှိပါတယ်။ ဒီလို Cosplay ပွဲတွေကတော့ ဂျပန်နိုင်ငံမှာ တော်တော်လေး ခေတ်စားပြီး အင်တာနက်မှာလည်း ဒီလိုမျိုးပုံတူလုပ်တဲ့သူတွေ တော်တော်များလာတာကို တွေ့ရပါတယ်။ တချို့တွေလည်း ဒီလိုမျိုး Cosplay လုပ်ရာမှာ တကယ်ကို ပိုက်ဆံအကုန်အကျခံပြီး လက်ရာပြောင်မြောက်စွာလုပ်နိုင်တဲ့ သူတွေလည်း ရှိပါတယ်။ ပြောချင်လွန်းလို့ စာဖတ်သူတွေထဲမှာရော အခုလို Cosplay တွေကို စိတ်ဝင်စားတဲသူတွေရှိလား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း Cosplay ပွဲတွေ အမြဲ ကျင်းပလာခဲ့တာ ကြာနေပြီဖြစ်လို့ အားလုံး ရင်းနှီးပြီးသား ဖြစ်နေမှာပါ။
၁.Avenger Infinity war ထဲက ဇာတ်လမ်းထဲက ဇာတ်ကောင်တွေ အတိုင်း ပုံစံတူလုပ်ထားတာ ဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီပုံကို ရုတ်တရတ်မြင်လိုက်ပါက တကယ့်ဇာတ်လမ်းထဲက ဇာတ်ကောင်တွေလို့ပဲ ထင်ကြမှာပါ။
၂.သူ့ရဲ့ ပုံတူလုပ်တဲ့ စွမ်းရည်ကလည်း အံ့မခန်းပါပဲ။ နားရွက်တွေ ခန္ဓာကိုယ် မျက်နှာတွေကို အသေးစိတ်ကျကျ ပြုလုပ်ထားပြီး တကယ့်ကို ဝါသနာကြီးပုံရပါတယ်။ သူလုပ်ထားတဲ့ လက်ရာကလည်း ပြောင်မြောက်လှပါတယ်။
၃. Deadpool ဇာတ်ကောင်ကို ဟာသအမြင်နဲ့ လုပ်ထားတာပါ။ ဒါပေမဲ့လည်း ဝတ်စုံတွေ ဒီဇိုင်းတွေ အားလုံးနီးပါးကတော့ တော်တော်လေးကို အသေးစိတ်ကျပြီး တူညီပါတယ်။ Deadpool လိုပဲ မျက်နှာပြောင်ပြောင်နဲ့ပေါ့။
၎.သူ့ကိုတွေ့လိုက်တာနဲ့ သူလုပ်ထားတဲ့ အရမ်းမိုက်တဲ့ တောင်ပံတစ်စုံကို သင်တို့အနေနဲ့ အရင်ဆုံး မြင်မိမယ်လို့ ထင်ပါတယ်။ အတောင်တစ်ခုချင်းစီကို အသေးစိုက်လုပ်ထားပြီး ဒီဝတ်စုံကို ဝတ်ထားတဲ့သူနဲ့လည်း လိုက်ဖက်လှပါတယ်။
၅.Scooby Doo ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကတော့ လုံးဝကို တပုံစံထဲပါပဲ။ တစ်ယောက်ချင်းစီကို အသေးစိတ်ဝတ်စုံတွေ ချုပ်လုပ်ထားပြီး ဇာတ်ကောင်ရဲ့ ခန္ဓာကိုယ် အချိုးအစားတွေကလည်း လုံးဝကို အံ့ကိုက်ပါပဲ။
၆.ဗီလိန်ကြီး Tharnos နဲ့ Game Of Thrones ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ Jon Snow တို့ဖြစ်ပါတယ်။ သင်တို့ကြည့်လိုက်တာနဲ့ ဘယ်သူလဲဆိုတာကို တန်းသိသွားနိုင်အောင်လောက်ကို ပီပြင်လွန်းတဲ့ ဖန်တီးမှု ဖြစ်ပါတယ်။ Tharnos ကတော့ မျက်မှန်ကြီးနဲ့ဗျာ။
၇.တကယ်ကို ချီးကျူးစရာကောင်းလောက်တဲ့ ဖန်တီးမှုဖြစ်ပါတယ်။ ဝတ်စုံကို တစ်ခြမ်းစီချုပ်ထားတာဖြစ်ပြီး မျက်နှာကိုလည်း တခြမ်းတရောက်စီ ခြယ်သထားတာကတော့ တကယ်ကို ပီပြင်လွန်းလှပါတယ်။ ဒီပုံကို မြင်တာနဲ့ သင်တို့ ဘယ်ဇာတ်လမ်းထဲက ဇာတ်ကောင်လည်း ဆိုတာကို တန်းမြင်မိမှာပါ.။
၈.ဒီကောင်မလေး ဖန်တီးထားတဲ့ ဇာတ်ကောင်ကလည်း လုံးဝကို မိုက်လွန်းပါတယ်။ သူ့အနေနဲ့ ဒီဝတ်စုံတွေကို ပုံဖော်ဖို့အတွက် တော်တော်တော့ အချိန်ပေးရမယ်ထင်ပါတယ်။ ဒါပေမဲ့လည်း သူမနဲ့ လိုက်ဖက်ပြီး တကယ့် ဟီးရိုးတစ်ယောက်လို့တောင် ထင်မှတ်ရပါတယ်။
၉.Predator အကြီးကြီးနဲ့ Predator ပျောက်စလေး ဖြစ်ပါတယ်။ ဒီဝတ်စုံကတော့ အသေးစိတ်ပြုလုပ်ထားတာ ဖြစ်ပြီး သင်တို့အနေနဲ့ အမှောင်ထဲမှာ ယင်းဝတ်စုံဝတ်ထားတဲ့ လူတယောက်ကို မြင်လိုက်လို့ကတော့ တကယ့် Predator လို့ပဲ ထင်ကြမှာပါ။
၁၀.နာမည်ကြီး Animation ကာတွန်းကား Coco ထဲက ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ တကယ်ကို ပီပြင်လှပြီး ကာတွန်းဇာတ်ကောင်တွေကို အပြင်မှာ တွေ့လိုက်ရသလိုပါပဲ။ အိုင်ဒီယာတွေကတော့ ပြောင်မြောက်လှပါတယ်။
ကမ္ဘာ့သမိုင်းထဲက သင်တို့ အမှန်အကန်အံ့သြသွားစေမယ့် ဖြစ်စဉ်များ
သမိုင်းဆိုသည်မှာ ဖျောက်ဖျက်မရတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ လူတိုင်းသိထားတဲ့ ဒီသမိုင်းထဲက အဖြစ်အပျက်တွေဟာ ကောင်းမွန်တဲ့ အချက်အလက်တွေသာများပြီး လူတွေလက်ခံနိုင်တဲ့ အချက်များကိုသာ မှတ်သားထားခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုသမိုင်းထဲက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက လူတွေသိပ်မသိနိုင်တဲ့ အံ့သြဖွယ်ကောင်းတဲ့ ထူးထူးဆန်းဆန်းအချက်အလက်တွေကို ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
(၁) သောမက်အက်ဒီဆင်၏ ပြင်းထန်တဲ့ စမ်းသပ်ချက်များ
ကမ္ဘာ့သမိုင်းထဲမှ အရေးပါတဲ့ တီထွင်ဖန်တီးမှုတွေကို ပြုလုပ်ထားခဲ့ပြီး ကမ္ဘာကြီးအတွက် ကောင်းကျိုးများစွာ ရှိစေမယ့် အရာတွေကို ဖန်တီးပေးခဲ့တဲ့ သိပ္ပံပညာရှင်ကြီး သောမက်အက်ဒီဆင်၏ ရက်စက်လွန်းတဲ့ စမ်းသပ်ချက်တွေအကြောင်းကို သမိုင်းက အဖြစ်အပျက်တွေမှာ ကွယ်ဝှက်ထားခဲ့ပါတယ်။ အက်ဒီဆင်ဟာ သူနှင့်ခေတ်ပြိုင် သိပ္ပံပညာရှင် နီကိုလက်စ် တက်စလာ တီထွင်ထားသည့် Alternating Current မှာ သက်ရှိများအတွက် အသက်အန္တရာယ်ရှိစေကြောင်း အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုအငြင်းပွားမှု သက်သေပြနိုင်ဖို့အတွက် တိရိစ္ဆာန်များကို စမ်းသပ်တဲ့နေရာမှာ အသုံးပြုထားခဲ့ကြပါတယ်။ အက်ဒီဆင်ရဲ့ စမ်းသပ်ချက်တွေကြောင့် တိရိစ္ဆာန်များစွာ အသက်ပေးခဲ့ရတာဟာ သမိုင်းမှာ ဖော်ပြထားခဲ့ခြင်းမရှိတဲ့ ခါးသီးလှတဲ့ အမှန်တရားတခုဖြစ်ပါတယ်။
(၂) ခိုးယူခံလိုက်ရတဲ့ ချာလီချက်ပလင်၏ ရုပ်အလောင်း
ကမ္ဘာကျော် သရုပ်ဆောင် ဟာသပညာရှင် ချာလီချက်ပလင်ဟာ ၁၉၇၇ ဒီဇင်ဘာလ ၂၅တွင် ဆွဇ်ဇာလန်နိုင်ငံတွင် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုကွယ်လွန်ခဲ့ပြီးနောက် ချာလီချက်ပလင်ရဲ့ အလောင်းဟာ ဆွဇ်ဇာလန် Corsier-sur-Vevey အမည်ရှိတဲ့ ကျေးရွာလေးရဲ့ သုသာန်မှာ မြှပ်နှံထားခဲ့တာဖြစ်ပါတယ်။ ၁၉၇၈ မတ်လ၂ရက်နေ့တွင် ပိုလန်နိုင်ငံသား ၀ါဒက်ခ်နှင့် ဘူဂေးရီးယားနိုင်ငံသား ဂါနဗ်တို့မှ ချာလီချက်ပလင်၏ ရုပ်အလောင်းကို သုသာန်မှပြန်လည်းတူးဖော်ခဲ့ ရုပ်အလောင်းခိုးယူခဲ့ကြပါတယ်။ အဲ့ဒီ့နောက်မှာ ချာလီချက်ပလင်၏ အမျိုးသမီးထံ အလောင်းပြန်ရွေးငွေ ဒေါ်လာ၆သိန်း တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီ့နောက်မှာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်ချက်များဖြင့် အလောင်းခိုးယူသူများကို ဖမ်းဆီးနိုင်ခဲ့ ရုံးတင်ထောင်ချနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ လူသိနည်းခဲ့တဲ့ အဖြစ်အပျက်တွေထဲက တခုအပါအ၀င်ဖြစ်ပါတယ်။
(၃) Spider Man အဖြစ် သရုပ်ဆောင်ချင်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်
ကမ္ဘာကျော်ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင် Marvel ဟီးရိုးဖြစ်တဲ့ ပင့်ကူလူသားနေရာမှ သရုပ်ဆောင်ရန် စိတ်ကူးထားခဲ့ပြီး အဆိုပါဇာတ်ရုပ်တွင် ပါဝင်နိုင်ရန်အတွက် ဒါရိုက်တာဖြစ်သူ Stan Lee နှင့်ဆွေးနွေးခဲ့ပါတယ်။ သူဟာ ဒီဇာတ်ကောင်ကို Marvel ထံမှဝယ်ယူရန်စီစဉ်ခဲ့ကြောင်း သိရှိရပြီး တကယ်လို့သာ ၀ယ်ယူပြီး သရုပ်ဆောင်ဖြစ်ခဲ့ပါက ဒီအစီအစဉ်အောင်မြင်ဖွယ်မရှိကြောင်း သုံးသပ်ခဲ့ကြပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ ပင့်ကူလူသားနေရာတွင်သာမကပဲ X-Man ဇာတ်ကောင်ထဲမှ ပရော်ဖက်ဆာ Xနေရာတွင်လည်း ပါဝင်သရုပ်ဆောင်ရန် စိတ်အားထက်သန်ခဲ့ကြောင်း သိရှိရပါတယ်။
(၄) ဂရေဟမ်ဘဲလ်ဟာ တယ်လီဖုန်းကို တကယ်တီထွင်ခဲ့သူလား
ဂရေဟမ်ဘဲလ်ဟာ တယ်လီဖုန်းကို စတင်တီထွင်ခဲ့သူဆိုတာ အမှန်ဟုတ်ပမလား? ဒီမေးခွန်းဟာ ယနေ့ချိန်ထိ အငြင်းပွားနေရဆဲဖြစ်ပါတယ်။ ဘဲလ်ဟာ သူရဲ့ပတ်ဝန်းကျင်းမှာ ဆွံအနားမကြားသူများနှင့် အချိန်ဖြုန်းခဲ့သူဖြစ်ပါတယ်။ မိခင်ဖြစ်သူနှင့် ဇနီးဖြစ်သူတို့မှာ ဆွံအနားမကြားသူများ ဖြစ်ကြပြီး ဘဲလ်အနေနဲ့ ဒီလိုအခြေအနေမျိုးမှာ တယ်လီဖုန်းတီထွင်နိုင်ခဲ့တယ်ဆိုတာ တကယ့်ကို မယုံနိုင်ဖွယ် အခြေအနေဖြစ်ခဲ့ပါတယ်။ အချို့သတင်းတွေအရ ဘဲလ်ဟာ Antonio Meucci ဆိုသူ၏ အကြံဥာဏ်ကို ခိုးယူခဲ့တာဖြစ်ကြောင်းနှင့် ဘဲလ်ဟာ ကိုယ်တိုင်တီထွင်ခဲ့တာမဟုတ်ကြောင်း ဖော်ပြထားခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ သမိုင်းမှာ လူသိပ်မသိတဲ့ အကြောင်းအရာတွေထဲကတခုဖြစ်ပါတယ်။
(၅) မိန့်ခွန်းစကားအတွက် သူများစကားကို ယူပြီးသုံးစွဲခဲ့တဲ့ မာတင်လူသာကင်း
“ I Have a Dream” ဟုအများသိထားကြတဲ့ မာတင်လူသာကင်းရဲ့ နာမည်ကျော်မိန့်ခွန်းဟာ သူ့ရဲ့ ကိုယ်ပိုင်အာဘော်မဟုတ်ခဲ့ပါဘူး။ အာဖရိကန်-အမေရိကန် လူမျိုးစပ် ရှေ့နေတဦးဖြစ်သော ဂျေကယ်ရီ၏ မိန့်ခွန်းတခုဖြစ်ပြီး မာတင်လူသာကင်းမှ ပြန်လည်းကူးချသုံးစွဲခဲ့တာဖြစ်ပါတယ်။ မာတင်လူသာကင်းဟာ လူ့မည်းများ အခွင့်အရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ လူအခွင့်အရေး သူရဲကောင်းတဦးအဖြစ် ကျော်ကြားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့နာမည်ကျော် မိန့်ခွန်းစကားဟာ သူတပါးပြောကြားခဲ့ပြီးသာ မိန့်ခွန်းစကားတခုသာ ဖြစ်ကြောင်းကိုတော့ သမိုင်းမှာ ထိန်ချန်လို့ထားခဲ့တာဖြစ်ပါတယ်။
Photos-Ester Dwe
ပြောင်းလဲသွားခြင်းမရှိတဲ့ ချောစုခင်နဲ့အတူ 10 Years Challenge ကိုပြုလုပ်ခဲ့တဲ့ အက်စတာဒွေး
ဒီ Challenge လေးကိုတော့ ယခုနောက်ပိုင်းမှာ ဖေ့ဘုတ်အသုံးပြုသူ တော်တော်များများအပါအဝင် အနုပညာရှင်တွေလည်း ပါဝင်ပြီး ဆော့လာတာကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကပုံရိပ်လေးတွေနဲ့ ယခုလက်ရှိပုံရိပ်လေးတွေကို ယှဉ်တွဲပြီး ပြောင်းလဲမှုအနေအထားလေးတွေကို ပြနေခဲ့ပါတယ်။ ဂီတတံခါးလေးဖွင့်ပါဦးပြိုင်ပွဲကနေ ပရိသတ်တွေကြား သိလာကြတဲ့ အက်စတာဒွေးလေးက ခုဆိုရင် ချစ်စရာကောင်းတဲ့ အရွယ်ကိုတောင်ရောက်နေပါပြီနော်။
အသံအားကောင်းကောင်းနဲ့ ပရိသတ်တွေကို ကြက်သီးထစေခဲ့တဲ့ တချိန်က ပြိုင်ပွဲဝင်တစ်ဦးလို့ပြောရင်လည်း မမှားပါဘူး။ အရွယ်ရောက်လာတဲ့အချိန်မှာလည်း ချစ်စရာကောင်းတဲ့ ငယ်ရုပ်လေးမပျောက်ဘဲ ခုချိန်ထိ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုရရှိထားသူလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အက်စတာဒွေးလေးက ခုဆိုရင် ဖျော်ဖြေရေးပွဲတွေမှာ သီချင်းတွေ သီဆိုနေတာကိုလည်း တွေ့ရပါတယ်။
သူမကတော့ ငယ်စဉ်ကလေးဘဝတုန်းက ချောစုခင်နဲ့အတူ သီချင်းသီဆိုထားတဲ့ပုံနဲ့အတူ 10 Years Challenge ကိုပြုလုပ်ခဲ့ပါတယ်။ ငယ်စဉ်က ချောစုခင်နဲ့အတူ သီချင်းဆိုစဉ်မှာ သားအမိလို့ ပရိသတ်တွေရဲ့မှတ်ချက်ပေးတာလေးနဲ့အတူ ရေးထားတာကိုလည်း တွေ့ရပါတယ်။ အက်စတာဒွေးဟာ မနေ့ညက ပြုလုပ်တဲ့ စင်ရော်မောင်မောင်ရဲ့ ကမာကြည်မိသားစု ဖျော်ဖြေရေးပွဲမှာ ချောစုခင်နဲ့အတူ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ယှဉ်ပြီး Challenge လုပ်ခဲ့တာဖြစ်ပါတယ်။
အက်စတာဒွေးကတော့ “သားအမိလို့ပြောချင်သေးလားဟင်…ညီအမတွေဖြစ်သွားပြီခု” လို့ ပြောင်းလဲသွားချင်မရှိတဲ့ ချောစုခင်ရဲ့ပုံရိပ်နဲ့အတူ Challenge လုပ်ခဲ့တာပါ။ ပရိသတ်ကြီးရေ အက်စတာဒွေးလေးကတော့ ပြောင်းလဲသွားလိုက်တာ ချောလို့လှလို့နော်။We Love Cele
Photos-Ester Dwe
ရိုမန့်တစ်ဆန်လွန်းတဲ့အချစ်ခန်း၊အနမ်းခန်းတွေနဲ့ ဒုတိယအကြိမ်ပြန်လည်ပုံဖော်ရိုက်ကူးထားသော ကြာသည်တော့လည်း မောင့်စကား ရုပ်ရှင်ဇာတ်ကားကြီး
ရိုမန့်တစ်ဆန်လွန်းတဲ့အချစ်ခန်း၊အနမ်းခန်းတွေနဲ့ ဒုတိယအကြိမ်ပြန်လည်ပုံဖော်ရိုက်ကူးထားသော ကြာသည်တော့လည်း မောင့်စကား ရုပ်ရှင်ဇာတ်ကားကြီး
စာရေးဆရာမ ဂျူးရဲ့ ၁၉၉၇ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ “ကြာသည်သော်လည်း မောင့်စကား” အချစ်ဝတ္တုကို ဒုတိယအကြိမ်ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ “ကြာသည်သော်လည်း မောင့်စကား”ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး ဒါရိုက်တာကတော့ ဦးမီးပွား ဖန်တီးရိုက်ကူးထားပါတယ်။ အချစ်၊ ရသကို အပြည့်အဝ ခံစားရစေမဲ့ ဇာတ်အိမ်မျိုးနဲ့ ဝထ္တုကို ဖတ်ရှူဖူးသူတွေ အနေနဲ့ ရသမပျက်စီးအောင် အကောင်းဆုံး ကြိုးစားထားတဲ့ ဒီရုပ်ရှင်ကြီးမှာ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး နဲ့ ထွန်းထွန်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ငယ်သူငယ်ချင်း(၃)ယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံမျိုးလေးဖြစ်ပြီး နန္ဒ အဖြစ် စိုင်းစိုင်း၊ တင်တင်ဇော် အဖြစ် ဖွေးဖွေး၊ ဖြိုးကျော်အဖြစ် ထွန်းထွန်းတို့က ဇာတ်အိမ်ကို ပြန်လည်အသက်သွင်းထားပြီး ဇာတ်လမ်းအကျဉ်းလေးကတော့ အချစ်လား၊ အထိအတွေ့ကြောင့်လား၊ သံယောဇဉ်ကြောင့်လား မသည်း ကွဲတဲ့ တင်တင်ဇော်နဲ့ နန္ဒ တို့ကြားက သူငယ်ချင်းထက်လွန်ကျူးတဲ့ အခြေအနေမျိုးတွေရှိလာတဲ့အခါ ဖြိုးကျော်တစ်ယောက် ဘယ်လိုဖြစ်သွား၊ဘယ်လိုဖြေရှင်းဖို့ကြိုးစားရမလဲ ဆိုတာ တကယ်ကိုစိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ လိုချင်တာကို မရရအောင်ယူတတ်တဲ့ နန္ဒ နဲ့ ဘာကိုလိုချင်နေမှန်းမသိတဲ့ တင်ဇော်တို့ကြားက အချစ်ခန်း၊ အနမ်းခန်းတွေဟာ တကယ့်ကို အသက်ပါလွန်းလှသလို နောက်ထပ်ဘယ်လိုပရိပက္ခတွေနဲ့ ရှေ့ဆက်ကြမလဲ ဆိုတာ ဇာတ်လမ်းအဆုံးထိ မခန့်မှန်းနိုင်တဲ့ ရသတွေနဲ့ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။
တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့တောင် မပြောမိ၊ မဖွင့်ဟမိကြပေမဲ့ လိုအင်ဆန္ဒကြောင့်လား၊ အထိအတွေ့ကြောင့်လား ဆိုတာ အဖြေရှာရင်း အရမ်းကို ရို့မန်တစ်ဖြစ်လွန်းတဲ့ အချစ်ခန်းတွေကို ဖွေးဖွေးနဲ့ စိုင်းစိုင်းက တကယ့်ကို ဆွဲဆောင်မှုရှိစွာပုံဖော်ထားပါတယ်။ “ကြာသည်သော်လည်း မောင့်စကား” ရုပ်ရှင်ကို တစ်ချိန်က ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ရန်အောင်၊ စိုးမြတ်နန္ဒာ နဲ့ ရဲအောင်တို့က ပထမဆုံးအကြိမ်အဖြစ် စတင်ရိုက်ကူးခဲ့ကြပြီးနောက် လက်ရှိမှာတော့ (၂၀၁၈)ခုနှစ်မှာ ယနေ့ခေတ်အချိန်အခါကို မှီးငြမ်းရိုက်ကူးပြီး ဒုတိယအကြိမ်အနေနဲ့ (၂၀၁၉)ခုနှစ်မှာ ပြန်လည် အသက်သွင်းထားတာမို့ မကြည့်မဖြစ် ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဖော်ပြလိုက်ရပါတယ်။
source: ကြာသည်သော်လည်းမောင့်စကားရုပ်ရှင်၊ Htin aung tun;